သတင်းများ

ကဝမြို့နယ်၌ ၂၀၂၂ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ် ကွင်းဆင်းဆောင်ရွက်
Jun 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကဝမြို့နယ် အုန်းနှဲကျေးရွာရှိ တောင်သူဦးဌေးအောင်၏ မိုးစပါးစိုက်ပျိုး၍မရသော လယ်မြေ(၁)ဧကတွင် မိုးရာသီ တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။
ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိုးရာသီ ဘောလုံး အားကစားပြိုင်ပွဲ ကျင်းပ
Jun 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိုးရာသီ အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ  ၂ နာရီက မြို့နယ်ပြည်သူ့အားကစားကွင်း ၌ ကျင်းပခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ
Jun 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မိုးတွင်းကာလ သဘာဝဘေးအန္တရာယ်များ ကျရောက်လာ ပါက ပြည်သူများ ဆောင်ရန်၊ ရှောင်ရန် အချက်များ အသိပညာ ဗဟုသုတရစေရန်အတွက် ဇွန် ၂၁ ရက်နေ့ ညနေ(၃)နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ခဲ့သည်။
မာန်အောင်မြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျရာတွင် ပျက်စီးသွားသော နေအိမ်မိသားစုဝင်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
Jun 23,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဂန့်ကော်တောကျေးရွာအုပ်စု၊ ဇိုင်ပင်ကျေးရွာတွင် ယခုလ၁၁ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ မကျည်းပင်လဲကျ ပျက်စီးသွားသော နေအိမ်မိသားစုများအား ယမန်နေ့ မွန်းလွဲ၁နာရီက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သား/သမီး၊ ကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံးဗလာစာအုပ်များထောက်ပံ့
Jun 23,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သား/သမီး၊ ကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်နှင့်ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် တိရစ္ဆာန်အစာပင် နေဗီယာမြတ် သရုပ်ပြစိုက်ပျိုးပွဲကျင်းပ
Jun 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်‌ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တိရစ္ဆာန်အစာပင် နေဗီယာမြတ် သရုပ်ပြစိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပဲရုံဆိပ်ကျေးရွာရှိ ဦး‌မြတ်သိန်းထွန်း၏ လယ်မြေ(၅)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြည်နယ်ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 23,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။