ဟိုင်းကြီးကျွန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

ဟိုင်းကြီးကျွန်း ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မိုးတွင်းကာလ သဘာဝဘေးအန္တရာယ်များ ကျရောက်လာ ပါက ပြည်သူများ ဆောင်ရန်၊ ရှောင်ရန်အချက်များ အသိပညာ ဗဟုသုတရစေရန်အတွက် ဇွန် ၂၁ ရက်နေ့ ညနေ(၃)နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ဟိုင်းကြီးကျွန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နှင်းယုမော်မှ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားသည်။ ထို့နောက် ဟိုင်းကြီးကျွန်းမြို့ မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူက မီးသတ်ဦးစီးဌာန၏ လုပ်ငန်းစဉ်များ၊ သဘာဝဘေးမဖြစ်မီ၊ ဖြစ်နေချိန်၊ ဖြစ်ပြီးနောက် ဆောင်ရွက်မှု အခြေအနေများအကြောင်း၊ မြို့အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့် တစ်ပြေး ညီ သတင်းရရှိစေရေးအတွက် ပြည်သူများက ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်

(ဟိုင်းကြီးကျွန်း ပြန်/ဆက်)