ညောင်တုန်းမြို့နယ်တွင် တိရစ္ဆာန်အစာပင် နေဗီယာမြတ် သရုပ်ပြစိုက်ပျိုးပွဲကျင်းပ

ညောင်တုန်း ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်‌ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တိရစ္ဆာန်အစာပင် နေဗီယာမြတ် သရုပ်ပြစိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပဲရုံဆိပ်ကျေးရွာရှိ ဦး‌မြတ်သိန်းထွန်း၏ လယ်မြေ(၅)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။

သရုပ်ပြစိုက်ပျိုးပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာမြတ်ပွင့်ဖြူနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံမွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာမြတ်ပွင့်ဖြူက တိရစ္ဆာန်အစာပင် နေဗီယာမြတ် စိုက်ပျိုးအသုံးပြုခြင်းဖြင့် လွှတ်ကြောင်းစနစ်မှ အစာကျွေးစနစ် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးလာစေရန်၊ ပြည်တွင်း ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်းများများအတွက် အဟာရဓာတ်မြင့်မားပြီး အထွက်နှုန်းကောင်း‌စေသော တိရစ္ဆာန်အစာများ ဖူလုံစွာ သုံးစွဲနိုင်စေရန်၊ အစာရှားပါးချိန်တွင် အဟာရကြွယ်ဝသော အစားအစာအဖြစ် ကျွေးမွေး နိုင်ရန်နှင့် နေဗီယာမြတ်ကို နွားစာအဖြစ် ကျွေးမွေးပါက လိုအပ်သော အဟာရဓာတ် ပမာနများ ပြည့်ဝစွာ ရရှိစေသောကြောင့် စိုက်ပျိုးထားရှိခြင်းဖြစ်ကြောင်း  အသိပညာပေး ရှင်းလင်း ပြောကြား၍ တက်ရောက်လာသူများက တိရစ္ဆာန်အစာပင် နေဗီယာမြတ် သရုပ်ပြ စိုက်ပျိုးမှုအား ကြည့်ရှုလေ့လာခဲ့‌ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)