ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိုးရာသီ ဘောလုံး အားကစားပြိုင်ပွဲ ကျင်းပ

ဟင်္သာတ ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိုးရာသီ အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ  ၂ နာရီက မြို့နယ်ပြည်သူ့အားကစားကွင်း ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြိုင်ပွဲဝင် အသင်းများက ကွင်းအတွင်းနေရာယူကြပြီး ကွန်ပျူတာတက္ကသိုလ်  ကျောင်းအုပ်ကြီး ဒုတိယပါမေက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က အဖွင့်အမှာစကား ပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီးနောက် စစ်ကြောင်းမှူး ဦးဆောင်၍ အားကစား သမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခြင်း၊ လေးပြုခြင်းများ ဆောင်ရွက်ကာ စစ်ကြောင်းဘုံဖြင့် ပြန်လည်ထွက်ခွာခဲ့ကြသည်။

ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိုးရာသီ ဘောလုံး အားကစားပြိုင်ပွဲကို ပြိုင်ပွဲဝင် အားကစားအသင်း ၄ သင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ကျောင်းလက်ရွေးစဉ် အသင်းအတွက် အသင်းသားများကို စိစစ်ရွေးချယ်သွားမည်ဖြစ်ကာ ဗိုလ်လုပွဲအပြီးတွင် ဆုများကို ဆက်လက် ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဇော်-ဟင်္သာတ