မိတ္ထီလာ ဇွန် ၂၃
မိတ္ထီလာမြို့၌ ၂ဝ၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့က ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk show အစီအစဉ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးမင်းဇော်က အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ဆောင်ရွက်သည်။ အသိပညာပေး Talk Show အစီအစဉ်တွင် ခရိုင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဒုတိယရဲမှူးကြီးတင်ထွန်း(ငြိမ်း)က မူးယစ်ဆေးစွဲလောကသို့ ဝင်ပေါက်တံခါးများခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးပြီး အမှတ်(၅၅)မူးယစ်တပ်ဖွဲ့စု(မိတ္ထီလာ)မှ ဒုတိယရဲမှူးစိန်အောင်က မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေများအကြောင်းကို ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ချမ်းသာ