ကလေးခရိုင် ကုန်းလမ်းပို့​ဆောင်​ရေးညွှန်ကြားမှုဦးစီးဌာနတွင် ပြည်သူ့ဆက်ဆံ​ရေးသင်တန်း (၁/၂၀၂၂)ဖွင့်လှစ် သင်ကြား

​ကလေး ဇွန် ၂၁

ပို့​ဆောင်​ရေးနှင့် ဆက်သွယ်​ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့​ဆောင်​ရေးညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်း​ဒေသကြီးကလေးခရိုင်ရုံးဝန်ထမ်းများအတွက် ပြည်သူ့ဆက်ဆံ​ရေးဘာသာရပ်သင်တန်း (၁/၂၀၂၂) ပြည်သူ့ဆက်ဆံရေး ဘာသာရပ်ကို ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါ ဌာနယာဉ်​မောင်းစစ်​ဆေး​ရေးသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ ကုန်းလမ်းပို့​ဆောင်​ရေးညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြား​ရေးမှူး​​ ဒေါ်ခင်မာချိုက ဝန်ထမ်းများကို ရုံးလုပ်ငန်းများ​ ဆောင်ရွက်တွင် ဌာနနှင့် ပြည်သူလူထုအကြား နှစ်ဦးနှစ်ဖက်နားလည်မှုတစ်ရပ် ဖြစ်ထွန်း​နေစေရန်နှင့် ပြည်သူလူထုအားထိရောက် မြန်ဆန်မှုရှိသော ဝန်​ဆောင်မှု​ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်​ကြောင်း​ ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေး ဦးတွာလ်ဆွင်းဗန်က ပြည်သူ့ဆက်ဆံရေးဘာသာရပ်မှ  ပြည်သူ့ဆက်ဆံရေး၏ အဓိပ္ပါယ်၊ ပြည်သူ့ဆက်ဆံရေး၏သဘာဝ၊ ပြည်သူ့ဆက်ဆံရေး၏ လုပ်ငန်းစဉ်များ၊ ပြည်သူ့ဆက်ဆံရေးနည်းလမ်းများ၊ ပြည်သူ့ဆက်ဆံရေးတွင် သတိပြုရမည့်အချက်များ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။

အဆိုပါသင်တန်းတွင်၊ သင်တန်းနည်းပြဆရာ(၇)ဦးတို့က ပြည်သူ့ဆက်ဆံ​ရေးဘာသာရပ်၊ ပြည်သူ့ဆက်ဆံ​ရေး အ​​ခြေခံဝန်​ဆောင်မှု​ပေးခြင်း၊​ ကောင်းမွန်​သော ဝန်​ဆောင်မှု​ပေးခြင်းနှင့် သုံးသပ်​ဆောင်ရွက်ရမည့် အ​ခြေအ​နေအရပ်ရပ်၊ လူအများနှင့်ညှိနှိုင်းဆက်ဆံခြင်းဖြင့် ဝန်​ဆောင်မှု​ပေးခြင်း၊​ မေတ္တာအပြုံးနှင့် ကရုဏာနှလုံးသား၊ ရုံးဝန်​ဆောင်မှုလုပ်ငန်းများနှင့် ပြည်သူ့ဆံ​ရေးကဏ္ဍ စသည့် ဘာရပ်များ သင်ကြား ပို့ချ​ပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂၀.၆.၂၀၂၂ မှ၂၄.၆.၂၀၂၂)ရက်​နေ့အထိ ကျင်းပသွားမည်ဖြစ်​ကြောင်း သိရသည်။

 ကလေး (ပြန်/ဆက်)