ကြံခင်း ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်းလင်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်က မိတ်ဆက် အမှာစကား ပြောကြားပြီးနောက်၊ မြို့နယ်တရားသူကြီး ဒေါ်လင်းလင်းထိုက်က မှုခင်းစီမံခန့်ခွဲမှု ဆိုင်ရာ သိကောင်းစရာအချက်များအား Power Point ဖြင့်ရှင်းလင်းတင်ပြပါသည်။ ထို့နောက် တက်ရောက်လာကြသော ဧည့်သည်တော်များမှ သိလိုသည်များ မေးမြန်းရာ ဧရာဝတီတိုင်း ဒေသကြီး တရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ချိုထက်က ပြန်လည်ရှင်းလင်း ဖြေကြားပေးပြီးနောက် တိုင်းဒေသကြီး လွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်က နိဂုံးချုပ် စကားပြောကြားပါသည်။
အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ချိုထက်၊ ဟင်္သာတခရိုင်တရားသူကြီး ဒေါ်အေးအေးခိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်တရားသူကြီး ဒေါ်လင်းလင်းထိုက် နှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်စာရေးများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)