မင်္ဂလာဒုံမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ (အခမဲ့)ဖြန့်ဝေ

မင်္ဂလာဒုံ   ဇွန်  ၂၂

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် အမှတ်() အခြေခံပညာအလယ်တန်းကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအား အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့ဟူသော ဆောင်ပုဒ်နှင့်အညီ တစ်မျိုးသားလုံး လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်သည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိနားလည်စေပြီး ဝေးဝေးကရှောင်ရှားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် (အခမဲ့) ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင် များကို ယနေ့နံနက် (၁၁)နာရီအချိန် က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

၂၀၂၂ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ ()ရပ်၊ နည်းဗျူဟာ ()ရပ်၊ မူးယစ်ဆေးဝါးပြဿနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ဘက်ပေါင်းစုံတားဆီးနှိမ်နင်းကာကွယ်လျက်ရှိ၊ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ် (ကဗျာ)၊ ဆောင်ပုဒ်နှင့် ကာတွန်းစသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက လူစည်ကားရာ နေရာများဖြစ်သော၊ ကားမှတ်တိုင်၊ ဈေးများသို့ သွားရောက်ကာ (အခမဲ့) ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြတ်သူဇာ (မင်္ဂလာဒုံ)