ဖြူး ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ရုံးစာကြည့်တိုက်တွင်စာအုပ်စာပေများ ငှားရမ်းပေးနေသည့်အပြင် ပိုမိုစာပေဖတ်ရှုနိုင်စေရန်အတွက် ရည်ရွယ်ကာ နယ်လှည်ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ယနေ့နံနက်ပိုင်းအချိန် က စတင်ကာ သုတ/ရသ၊ စာအုပ်/စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ငှားရမ်းပေးရာတွင် ဌာနဆိုင်ရာများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မရဲစခန်း၊ မီးသတ်ဦးစီးဌာနနှင့် မြန်မာ့စာတိုက်လုပ်ငန်းတို့တွင် သုတရသစာအုပ်စာစောင် (၂၀၀)ကျော် ငှားရမ်းပေးရာ ဝန်ထမ်းများ၊ မိသားစုဝင်များက ငှားရမ်းကြကြောင်းနှင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)