မိုးနဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံဗွီဒီယိုရိုက်ကူး/တည်းဖြတ်နည်းသင်တန်းဖွင့်

မိုးနဲ ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လုထုအခြေပြုဗဟိုဌာန၌ မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ် နည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်သင်ကြားခဲ့‌ကြောင်း သိရသည်။

သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေ ကယခုကဲ့သို့ သင်တန်းများပို့ချခြင်းအားဖြင့် တိုးတက်လာသောခေတ်နှင့်အညီ နည်းပညာ များကိုအသုံးချ၍ မိမိရိုက်ကူးထားသည့် ဗီဒီယိုများ ပိုမိုကောင်းမွန်အောင် ဖန်တီးနိုင်ရေးနှင့် လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဓါတ်ပုံ/ဗီဒီယိုရိုက်ကူးရခြင်း၏အကြောင်းရင်း၊ မိုဘိုင်းဖုန်း In ShotKineMaster Software ကို အသုံးပြုကာ ဗီဒီယိုပေါ်တွင် ဓါတ်ပုံတည်းဖြတ်ခြင်း၊ နောက်ခံစကားပြောထည့်ခြင်း၊ စာတန်းထိုးခြင်း၊ အသံဖိုင်နှင့် ရုပ်ပုံကိုဗွီဒီယိုပြုလုပ်ခြင်း စသည့် နည်းပညာအခြေခံ သဘောတရားများကို စာတွေ့/လက်တွေ့ဖြင့် သင်တန်းသား/သူ  ၂၁ ဦးအား  သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)