သုံးခွ ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းအတိုးငွေများအား အနောက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ထုတ်ချေးပေခဲ့ကြောင်း သိရသည်။
ဦးစွာ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းနုဝေက မြစိမ်းရောင်စီမံကိန်း စတုတ္ထနှစ်စက်ဝန်းလည်ပတ်နိုင်ရေးအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့မှ မြစိမ်းရောင်အရင်းအတိုးငွေများအား ချေးငွေအောင်မြင်သူ အသင်းသားများအား ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး အသင်းသား(၂၀၁)ဦးထံသို့ ချေးငွေကျပ် (၄၁၀၀၀၀၀၀)သိန်း တိတိအား လုပ်ငန်းအမျိုးအစား (၄) မျိုးခွဲခြား၍ အတိုးနှုန်း ၁ ကျပ်ပြား ၅၀ ဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းဝယ်နှင့် အသက်မွေးဝမ်းကျောင်းစသည့် အမျိုးအစားလေးမျိုးအတွက် စတုတ္ထအကြိမ်မြောက် ထုတ်ချေးခြင်းဖြစ်ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)