နေပြည်တော် ဇန်နဝါရီ ၁၇
ကျောင်းသား၊ ကျောင်းသူလူငယ်များ အထွေထွေအသိပညာဗဟုသုတများရရှိစေရန် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်အတွက် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏသီရိမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသူ /ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။
ဟောပြောပွဲတွင် လယ်ဝေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေဆွေသွယ်က “သဘာဝပတ်ဝန်းကျင်နှင့် အမျိုးသမီးကဏ္ဍနှင့် အိမ်တွင်းလေထုညစ်ညမ်းမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက “လူငယ်နှင့် ခေါင်းဆောင်မှုစွမ်းရည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြိုနယ်ဉပဒေရုံး ဒုတိယမြို့နယ်ဉပဒေအရာရှိ ဒေါ်သင်းသင်းမော်က “အမျိုးသမီးများအတွက် ကာကွယ်ပေးရေးဉပဒေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ်ရဲစခန်းမှ ဒုတိယရဲမှူး ဦးဇော်မင်းနိုင်က “မှုခင်းကျဆင်းရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာနှင့်စပ်လျဉ်း၍ ဉာဏ်စမ်းပဟေဠိမေးခွန်းများကိုမေးမြန်းရာ ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ကြသည်။
ထို့နောက် အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးငြိမ်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ဆရာ၊ ဆရာများနှင့် ကျောင်းသူ၊ ကျောင်းသားများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)