ဒေးဒရဲမြို့၌ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များ ညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ တောင်သူများ၏ စိုက်ပျိုးသီးနှံများ အထွက်နှုန်း တိုးတက်မြင့်မားရေး၊ တောင်သူများ၏ လိုအပ်ချက် အခက်အခဲများကို အမြန်ဆုံးဖြည့်ဆည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်ရေးအဖွဲ့များက သက်ဆိုင်ရာ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များ ညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။