တောင်ကြီး ဇွန် ၂၄
၂၀၂၂ ခုနှစ် ၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ ဆေးရောင်ခြယ်၊ စာဖတ်စွမ်းရည်၊ စကားပုံဆက်နှင့် အရုပ်ဆက်ပြိုင်ပွဲများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးနိုင်ဝင်းထွန်းက မူးယစ်ဆေးဝါးအန္တရာယ် သိမှတ်ဖွယ်ရာများကို ဟောပြောခဲ့ပြီး ပြိုင်ပွဲများအား ဆက်လက်ကျင်းပရာ အ.လ.က(၇)၊ တောင်ကြီးမှ ကျောင်းသား၊ ကျောင်းသူများက ပြိုင်ပွဲအသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ထို့နောက် ပြုင်ပွဲတွင်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှ ဂုဏ်ပြုဆုများအသီးသီးချီးမြှင့်ကြပြီးပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်းနှင့် အသိပညာပေးနံရံကပ်စာ စောင်အားပြသခဲ့ကြောင်း သိရသည်။
ဇော်နိုင်လင်း