ဒေါ့ဖုန်းယန် ဇွန် ၂၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ပေါ်ရှိ မြို့မဘုန်းတော်ကြီးကျောင်း၊ မြို့ဦးဘုန်းတော် ကြီးကျောင်း၊ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းနှင့် ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းတို့တွင် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းတို့ကို ယမန်နေ့ နံနက် ၉ နာရီ အချိန်ကစ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ် ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးတို့က ဘာသာရေးကျောင်းများတွင် ပိုးလောက်လမ်းပေါက်ပွားနိုင်သည့် နေရာများဖြစ်သော ညောင်ရေ အိုးများ၊ မိုးရေတင်နိုင်သော တာယာကွင်းများနှင့် အိုးခွက်များကိုစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ရေတွင်း၊ ရေကန်များအတွင်း အဘိတ်ဆေး ခတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းနိုင်စိုး(ပြန်/ဆက်)