ဟိုင်းကြီးကျွန်း ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျောက်ချောင်းကျေးရွာအုပ်စု၊ သံကြိုးလမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နေ့လယ်(၁၄:ဝဝ)နာရီက ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကျန်းမာရေးအသိပညာများ ရရှိစေရန်အတွက် မြို့အုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဌာနတို့ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းမှ သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်သော အသိပညာဗဟုသုတများကို ပြောကြားပြီး ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရမည့် နည်းလမ်းများနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိမှတ်စရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ ရပ်ဖိ၊ ရပ်ဖများနှင့် ဒေသခံပြည်သူ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)