ချမ်းမြသာစည် ဇွန် ၂၉
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရားကြီး ပုရဝုဏ် အနောက် ၄၅ တာကွင်းအတွင်း ဝါဆိုခြင်းရုံတွင် ၉၄ ကြိမ်မြောက် ဝါဆိုခြင်းအလှခတ်ခြင်း ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းနှင့်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မဟာမုနိ ဂေါပကဥက္ကဋ္ဌဦးစိုးလင်းနှင့်အဖွဲ့ဝင်များ၊ ခြင်းအလှခတ်အသင်းများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင်ဦးမောင်ကိုက အဖွင့်အမှာစကားပြောကြားပြီးနောက် ပွဲတော်ဖွင့်ပွဲသို့ တက်ရောက်လာကြသူများအား မြေဝိုင်းအကများ၊ ခြင်းအလှခတ်ဖျော်ဖြေတင်ဆက်ခြင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်က အလှူငွေကျပ်သိန်း ၂၀ အားချီးမြှင့်ပေးအပ်ခဲ့ရာ တာ၀န်ရှိသူများက လက်ခံရယူခဲ့ကြသည်။ အဆိုပါ ဝါဆိုခြင်းအလှခတ်ပွဲတော်အား ၂၈.၆.၂၀၂၂ မှ ၁၃.၇.၂၀၂၂ နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ခင်စိမ်း၀င်း(ပြန်/ဆက်)