ကျောက်မဲ ဩဂုတ် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးသန့်ဇော်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းမှ ကျောင်းအုပ် ဒေါ်ချိုဝင်းလှိုင်က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခြင်း၊ သင်တန်းသူများချုပ်လုပ်ခဲ့သည့် ကုန်ချောအထည်များကို သင်တန်းသူများအားပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေ၍ ကျွမ်းကျင်သော စက်ချုပ်သမားလူငယ်၊ လူရွယ်များပေါ်ထွန်းလာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းတိုးတက်လာစေရန်နှင့် မိသားစုဝင်ငွေတိုးတက်လာစေရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အထောက်အကူပြုစေရန်၊ မိမိတို့အသိဉာဏ်ဖြင့် ပုံစံအမျိုးမျိုးဖော်ထုတ်၍ အထည်ဒီဇိုင်းမျိုးစုံ ထုတ်လုပ်နိုင်စေရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အဆိုပါအခြေခံစက်ချုပ်သင်တန်းကိုအခမဲ့ တစ်လတာဖွင့်လှစ်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းမှကလေးဝတ်၊ လူကြီးဝတ်အမျိုးမျိုးချုပ်လုပ်နည်းများကို သင်ကြားသင်ကြားပို့ချခဲ့ကြောင်း၊ သင်တန်းသို့ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ အမျိုးသမီး ၂၀ ဦးတက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
မိုင်းထွန်း (ပြန်/ဆက်)