သတင်းများ

စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့ဝင်များ နေကြာမျိုးစေ့ထုတ်စိုက်ခင်းနှင့် ပဲတီစိမ်းမျိုးစေ့ထုတ်စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 28,2022
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးစန်းလွင်၊ ပေါက်ခေါင်းမြို့နယ်ဦးစီးမှူးဦးမင်းမင်းထွန်းနှင့် ဝန်ထမ်းအဖွဲ့ဝင်များသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်ရှိ နေကြာမျိုးစေ့ထုတ်စိုက်ခင်းနှင့် ပတီစိမ်းမျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။      
မြိုင်မြို့တွင် ဆေးဝါးနှင့်ဆေးပစ္စည်း အရောင်း‌ဆိုင်များအား မြို့နယ်ဈေးကွက်စောင့်ကြည့် စစ်ဆေး‌ကြပ်မတ်ရေးအဖွဲ့က လိုက်လံကြည့်ရှုစစ်ဆေး
Sep 28,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ရှိ ဆေးဝါးနှင့်ဆေးပစ္စည်း အရောင်း‌ဆိုင်များအား ယနေ့နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေး‌‌ ကြပ်မတ်ရေးအဖွဲ့မှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
သဲကုန်းမြို့နယ်၌ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Sep 28,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းချိုနှင့်ဝန်ထမ်းများက သဲကုန်းမြို့ပေါ်ရပ်ကွက်များ၌ ကွင်းဆင်းထိုးနှံပေးခဲ့သည်။
ဆောင်းသီးနှံနေကြာသီးညှပ်စိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့နှင့် ဓာတ်မြေသြဇာများဖြန့်ဖြူးရောင်းချ
Sep 28,2022
ဒေသခံပြည်သူများ စားသုံးဆီဖူလုံစွာရရှိရေးအတွက် ဆောင်းသီးနှံနေကြာသီးညှပ်စိုက်ပျိုးမည့်တောင်သူများအား နေကြာမျိုးစေ့နှင့် ဓာတ်မြေသြဇာဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ လင်းလွန်းပင်ကျေးရွာရှိ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်းတွင် ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ စွမ်းအားမြှင့် E-Free မီးဖိုများဖြန့်ဝေပေး
Sep 28,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မရိုးတောကျေးရွာသို့သွားရောက်၍ စွမ်းအားမြှင့်E-Free မီးဖိုများ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အမရပူရမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Sep 28,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ အိုးတော်ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး မြို့နယ်ထွေ/အုပ်နှင့် မိတ်ဖက်ဌာနများ၊ လူမှုရေး အသင်းအဖွဲ့များက မြို့မဈေးအနီးတွင် Mask Campaign ပြုလုပ်
Sep 28,2022
ကိုဗစ်-၁၉ ရောဂါနှင့် မျိုးဗီဇကွဲရောဂါများ ကူးစက်ဖြစ်ပွားမှု လျှော့နည်းကျဆင်းစေရေးတွက် တားဆီးကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်တိုင်းတွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီက ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ နယ်မြေခံတပ်နယ်မှ အရာရှိများနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များဖြင့် ကျောက်ပန်းတောင်းမြို့ မြို့မစည်ပင်သာယာဈေးအနီးတွင် Mask Campaign ပြုလုပ်ခြင်းနှင့် ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Sep 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးနှင့်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။