သတင်းများ

မင်္ဂလာဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါမှ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ မင်္ဂလာဒုံဈေးကြီးအတွင်း၌ ယနေ့နံနက် (၈)နာရီအချိန်က စျေးသူ၊ စျေးသားများနှင့် စျေးဝယ်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်မှကြိုတင်ကာကွယ်နိုင်ရေးအတွက် ပါးစပ်နှာခေါင်းစည်း Mask များမဖြစ်မနေ တပ်ဆင်ရေးနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း(Mask)နှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေး
Sep 28,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ပြည်သူလူထုသိရှိလိုက်နာနိုင်ရေး ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးနှင့် မြို့နယ်လဝကဦးစီးမှူးရုံးတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်၌ ရစ်ကံကြီးကျေးရွာအနီး၊ သံဒင်းချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Sep 28,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်အတွက် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ရစ်ကံကြီး‌ကျေးရွာအနီး၊ သံဒင်းချောင်းတွင် ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ သစ်ပင်လဲကျမှုကြောင့်လူနေအိမ် (၂)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးမှုအား ထောက်ပံ့ငွေပေးအပ်
Sep 28,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် စက်တင်ဘာ ၂၆ နေ့က မိုးသည်းထန်စွာရွာသွန်း၍ သစ်ပင်လဲကျမှုကြောင့် လူနေအိမ်(၂)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးမှုအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ် စည်ပင်သာယာရေးကော်မတီဝန်ထမ်းများစုပေါင်း၍ မြို့သန့်ရှင်းသာယာလှပစေရေး ရည်ရွယ်ချက်ဖြင့် နေ့စဉ်သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်
Sep 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့နံနက် (၇)နာရီအချိန် က မြို့သန့်ရှင်းသပ်ရပ်သာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ဒဂုံမြို့နယ်ရှိဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ရောင်းချနိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်
Sep 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ လူဝင်လူထွက်များသော အစားအသောက် ရောင်းချသည့်ဆိုင်များနှင့် ဈေးဆိုင်၊ စတိုးဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေးအတွက် ယမန်နေ့ညနေပိုင်း က မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက လူစည်ကားရာဆိုင်များ၊ လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်း လက်ကမ်းများပိုစတာများ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ
Sep 28,2022
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၂၈)ရက်နေ့ (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များစုပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးရုံးတွင် ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် မအူချောင်းအတွင်း ငါးသားပေါက်ကောင်ရေ (၅)သိန်း စိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ
Sep 28,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်၍ လေးထောင့်ကန်ငါးလုပ်ငန်းစခန်းတို့မှ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ထောင်တစ်လုံပိုင်၊ ဘဲတန်းတံတား၊ အမှတ်(၇)လမ်းအနီး သဘာဝမြစ်ချောင်းဖြစ်သော မအူးချောင်းအတွင်းသို့ ငါးမြစ်ချင်းသားပေါက်ကောင် (၅)သိန်း ငါးမျိုးစိုက်ထည့်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့သည်။