သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်‌ရေးနေ့ အခမ်းအနားကျင်းပ
Sep 28,2022
၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်‌ရေးနေ့ အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ နမ့်ခုတ်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများအား Mobile Library စနစ်ဖြင့် ကွင်းဆင်း၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
Sep 28,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စာအုပ်စာစောင်များ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်စေရန်ရည်ရွယ်ကာ ယနေ့နံနက် ၁၀ နာရီအချိန်က Mobile library စနစ်ဖြင့် မြို့နယ်ပညာရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာရုံးများသို့ ကွင်းဆင်းသွားရောက်၍ စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်းပေးခြင်းကို ဆောင်ရွက်ကြသည်။
အမ်းမြို့နယ်၌ ​​ဒေသဖွံဖြိုးတိုးတက်ရေး​လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Sep 28,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့၌ လမ်းအထူးအဖွဲ့ (၁၆) မှ တာဝန်ယူဆောင်ရွက်နေသော ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်နယ်ရန်ပုံငွေ(ငွေလုံး) (၃၆၀) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်​နေသည့် မင်းဘူး- အမ်း- စစ်တွေလမ်း အပိုင်း ၁၅၇.၂၅ ကီလိုမှ ၁၅၈.၃ ကီလိုထိ ၅.၅ ကီလို အရှည်၊ ၁၈ ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို အမ်းခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်နှင့် တာဝန်ရှိသူများက အရည်အသွေးပြည့်မီစွာနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ယနေနံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ရာ လမ်းအထူးအဖွဲ့ (၁၆)မှ တာဝန်ရှိသူတစ်ဦးက သိရှိလိုသည်များ လိုက်လံရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ကာလိမြို့ အ.လ.က-ခွဲ(ကျိုင်းလွန်း)ကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Sep 28,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ အ.လ.က-ခွဲ(ကျိုင်းလွန်း)ကျောင်းတွင် ယနေ့ နံနက် (၉) နာရီအချိန်ခန့်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရတနာဈေး၌ ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်ဆောင်ရွက်
Sep 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရတနာဈေး၌ ယနေ့နံနက်(၉)နာရီအချိန်က ဒုတိယအကြိမ်မြောက် Mask Campaign ပြုလုပ်၍ ဈေးအတွင်း၌ဈေးရောင်းချလျက်ရှိသည့် ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်ပြည်သူများအား လတ်တလောတွင် ဖြစ်ပွားလျက်ရှိသည့်
ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေး ချောင်းဆုံမြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိဘပြည်သူများနှင့်တွေ့ဆုံဆွေးနွေး
Sep 28,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်တို့မှ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတို့မှ ကွင်းဆင်း၍ ​ကျေးရွာပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
စမ်းချောင်းမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါပျံ့နှံ့မှု တားဆီးကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask Campaign ပြုလုပ်ခြင်းဖြင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပျံနှံ့မှုကာကွယ်နိုင်ရေးအတွက် ပြည်သူများနေအိမ်မှပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း(Mask)တပ်ဆင်ပြီးသွားလာကြရန် Mask Campaign ပြုလုပ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက်တွင် နှာခေါင်းစည်းများဖြန့်ဝေကာ Mask Campaign ပြုလုပ်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လဲချားတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေး
Sep 28,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူစည်ကားသည့် နေရာများဖြစ်သော မြို့မစျေး၊ ပျံကျစျေး၊ ကားဂိတ်နှင့် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း(Mask) များအခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၇)နာရီခွဲ အချိန်ကပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။