သတင်းများ

သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခမ်းအနားမှူး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Sep 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခမ်းအနားမှူးသင်တန်း ဖွင့်ပွဲအခမ်းအနားကို
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Sep 28,2022
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးအိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို  ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ် ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၁ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့မိသားစုများက ပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာ ရောင်းချပေး
Sep 28,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မီးဖိုချောင်သုံး စားသောက်ကုန်ပစ္စည်းများကို ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်ရေးအတွက်၊ နယ်မြေခံ တပ်ရင်း တပ်ဖွဲ့မိသားစုများက ယမန်နေ့နံနက်(၆)နာရီမှစတင်၍ မြို့မရဲစခန်းရှေ့တွင် ရောင်းချပေးခဲ့ ကြောင်းသိရသည်။
သရက်မြို့၌ ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါ  ကာကွယ်ဆေး အခမဲ့ ထိုးနှံပေး
Sep 28,2022
မကွေးတိုင်းဒေသကြီးသရက်မြို့၌ ၂၀၂၂ခုနှစ်၊ စက်တင်ဘာ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ သိရသည်။
ဝါးခယ်မမြို့နယ် “အာရောဂျတံခွန်” မျက်စိဆေးခန်းတွင် စတုတ္ထမြောက်နေ့ အခမဲ့မျက်စိကုသ
Sep 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မင်းပိုင်းရပ်ကွက်၊ ကွမ်းခြံကုန်းကျောင်းတိုက်ရှိ “အာရောဂျတံခွန်” မျက်စိအထူးကု ဆေးခန်းတွင် မျက်စိဝေဒနာရှင်များအား စက်တင်ဘာလ ၂၄ မှ ၃၀ ရက်ထိ အခမဲ့ကုသပေးလျက်ရှိသော နီပေါနိုင်ငံသား (Dr. Mr BIDYA PRASAD PANT)နှင့် ဒေါက်တာ အေးမြတ်မွန် (စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ထီးဆောင်းစံပြကျေးရွာ “ရွှေရတုတိပိဋက စက္ခုပါလ” မျက်စိဆေးရုံ) ပါ(၉)ဦးတို့သည်
ကျိုက်လတ်တွင်ကုန်ပစ္စည်းများ၌ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုများ ပြည့်စုံမှု ရှိ/မရှိစစ်ဆေး
Sep 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ ဆေးဝါး၊ စားသောက်ကုန်နှင့် အလှကုန်ဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများ၌ သတ်မှတ်ထားသော ကုန်အညွှန်း အမှတ်အသားဖော်ပြမှုများ ပြည့်စုံမှု ရှိ/မရှိကို ယမန်နေ့ နံနက်ပိုင်းမှစ၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှ အသက်(၉)နှစ်အထိ ကျောင်းသား/သူ (၁၄၀)ဦးအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Sep 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊‌ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြိုတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်က မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်း ကျောက်စိမ်းခန်းမတွင် ကျန်းမာရေးဝန်ထမ်းများက  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ကန့်ဘလူမြို့တွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး
Sep 28,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်၍ ယနေ့နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးခဲ့ကြောင်းသိရသည်။