အခြေခံစား‌ကုန်နှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ဘုတ်ပြင်း  အောက်တိုဘာ 


တနင်္သာရီတိုင်းဒေသကြီး၊ဘုတ်ပြင်းခရိုင်၊ဘုတ်ပြင်းမြို့ မြို့အဝင်လမ်းဆုံနေရာတွင် ယနေ့နံနက်က ဘုတ်ပြင်းတပ်နယ်မှ အခြေခံစားကုန်နှင့်ဟင်းသီးဟင်ရွက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။
အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ငရုတ်သီး‌ခြောက်၊ ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ ကြက် ဥနှင့်၊ ဟင်းသီးဟင်းရွက်များကို ဈေး နှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပြီး
  ဌာနဝန်ထမ်းများနှင် မိသားစုဝင်များ၊ဒေသခံပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်းသိရသည်။

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန်များဈေးနှုန်းထက် ဈေးနှုန်းသက်သာသည့် အခြေခံစာသုံးဆီနှင့် လတ်ဆတ်သည့်မွေးမြူ ရေးခြံထွက်ကြက်ဥများ ကိုထပ်မံရောင်းချပေးရန် မျှော့်လင့်လျက်ရှိကြောင်း "ဆန်(၁)ပြည်(၁၅၀၀/)နှုန်း၊ဆီ(၁)ပိသာကို ကျပ်(၇၀၀၀/)နှုန်း ကြက်ဥ(၁)လုံကို ကျပ်(၂၂၀/)နှုန်းဖြင့်ဝယ်ယူခဲ့ကြောင်း ဈေးဝယ်သူများထံမှ သိရသည်။

ဒေါ်ဖြူဖြူသိန်း(ပြန်/ဆက်)