ကျောက်ဆည်မြို့နယ်တွင် စတုတ္ထအကြိမ် ထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (၂၀၉၅)ဦးထိုးနှံပြီးဖြစ်
Sep 23,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါပိုးများ ကူးစက်မှုမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးပေးခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီက စတုတ္ထအကြိမ် ထပ်ဆောင်းကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပြီးသူ(၂၀၉၅)ဦး ရှိကြောင်း သိရသည်။