မအူပင်ခရိုင်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုအသိပညာပေး Talk Show ပြုလုပ်

မအူပင် စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုအသိပညာ‌ပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆင့်ဆင့်ဝေက မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်အကြောင်း အသိပညာ‌ပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇေယျာဖြိုးက ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် ပတ်သက်သည့် မီးခိုးမြူငွေ့ရဲ့ အဓိပ္ပာယ်၊ မီးခိုးမြူငွေ့ဖြစ်ပေါ် စေတဲ့ အဓိကအကြောင်းအရင်းများ၊ ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့် လူသား တို့ကို ဖြစ်ပေါ်စေနိုင်သော ရောဂါများ၊ လိုက်နာရမည့်အချက်များ၊ ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့် အချက်များစသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် မအူပင်ခရိုင် ပြည်သူ့ စာကြည့်တိုက် Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)