မြောင်းမြခရိုင်အတွင်းရှိ မြို့နယ်များ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ ၆၆/၆) e-ID Software Program ထည့်သွင်းခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီး

မြောင်းမြ စက်တင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်းရှိ မြို့နယ်များတွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)များ အား e-ID Software  Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှုလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ် ကြောင်း သိရသည်။

အဆိုပါ အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ ၆၆/) e-ID Software Program ထည့်သွင်းခြင်းလုပ်ငန်းကို ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များ တိကျမှန်ကန်မှုရှိစေရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

မြောင်းမြခရိုင်အတွင်းရှိ  မြို့နယ်များတွင် အဆိုပါ လုပ်ငန်းများကို ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ နေ့စဉ်ဆောင်ရွက် လျက်ရှိရာ မြောင်းမြမြို့နယ်တွင် အိမ်ထောင်စုပေါင်း (၉၄၆၃၇)စု၊ အိမ်မဲမြို့နယ်တွင် အိမ်ထောင်စု (၄၃၀၆၈)စု၊ ဝါးခယ်မမြို့နယ်တွင် အိမ်ထောင်စု (၇၄၀၅၃)၊ ခရိုင်အတွင်း စုစုပေါင်း အိမ်ထောင်စု (၂၁၁၇၅၈)စု ရှိရာ ယခုအခါ ရာနှုန်းပြည့် စာရင်းသွင်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မြောင်းမြခရိုင် (ပြန်/ဆက်)