၂၀၂၂ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် (၁၈) နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်

မကွေး စက်တင်ဘာ ၂၃

၂၀၂၂ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယမန့်နေမွန်းလွဲ (၃) နာရီအချိန်က မကွေးခရိုင်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင် ပရိတ်သတ်များတက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် (၁၈) နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ နောက်ဆုံးနေ့အဖြစ် အမျိုးသားမီတာ(၁၀၀)ပြိုင်ပွဲ၊ အမျိုးသမီး မီတာ(၁၀၀)ပြိုင်ပွဲ၊ အမျိုးသား မီတာ (၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲနှင့် အမျိုးသမီး မီတာ(၄၀၀)လက်ဆင့်ကမ်းပြိုင်ပွဲများအား ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် (၁၈) နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသား/အမျိုးသမီး မီတာ(၈၀၀)ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး သုံးဆင့်ခုန်ပြိုင်ပွဲ၊ အမျိုးသားလှံတံပစ်ပြိုင်ပွဲ၊ အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆွဲပြားနှင့် ငွေသားဆုများအားလည်းကောင်း တိုင်းဒေသကြီးအစိုရအဖွဲ့ ဝန်ကြီးချုပ်က အသက် (၁၈)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား /အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိသော သရက်မြို့နယ်အသင်းအား ဆုကလပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၂ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် (၁၈) နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စားလာစေရန်နှင့် လူငယ် လူရွယ်များ အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး မိမိတို့ပတ်ဝန်းကျင်တွင် ကျယ်ကျယ်ပြန့်ပြန့်ကစားရာမှ တိုင်းဒေသကြီးကိုယ်စားပြုအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် အားကစားပြိုင်ပွဲအမျိုးအစား (၆)မျိုးဖြင့် ကျင်းပခြင်းဖြစ်ကာ သရက်မြို့နယ်အသင်းမှ ရွှေ(၁၁)ဆုနှင့်ငွေ(၅)ဆု ရမှတ်(၁၀၅)မှတ်ဖြင့် တံခွန်စိုက်ဆုကို ဆွတ်ခူး နိုင်ခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)