လောင်းလုံးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

လောင်းလုံး ဇန်နဝါရီ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ တနင်္သာရီတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်၊ ထားဝယ်ခရိုင်ပညာရေးမှူး ဦးဆန်းဦး၊ လောင်းလုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်နှင့် လောင်းလုံးမြို့နယ်ပညာရေးမှူး ဒေါ်အေးလှတို့က အခမ်းအနားအား ခဲကြိုးဖြတ်ဖွင့်လှစ်ပြီး မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးသည်။ ဆက်လက်၍ လောင်းလုံးမြို့နယ်၊ အ.ထ.က၊ ကမြောကင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပညာရေးစုံညီပွဲတော် အဖွင့်သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က အမှာစကားပြောကြားပြီး ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး၊ ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က ပညာရေးမြှင့်ရေးအတွက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားပြောသည်။ ဆက်လက်၍ လောင်းလုံးမြို့နယ် ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်အေးလှက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့‌နောက် ၂၀၂၄ ခုနှစ် မြို့နယ်အဆင့် ကာယစွမ်း၊ ဉာဏစွမ်းရည်ပြိုင်တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊ ဦးသက်နိုင်၊ တနင်္သာရီတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်နှင့် တာဝန်ရှိသူများတို့က ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီး တေးသီချင်း၊ အကပဒေသာများဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားအား ပိတ်သိမ်းခဲ့ကြောင်း သိကသည်။

အဆိုပါ အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ တနင်္သာရီတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်၊ ထားဝယ်ခရိုင်ပညာရေးမှူး ဦးဆန်းဦး၊ လောင်းလုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်နှင့် လောင်းလုံးမြို့နယ်ပညာရေးမှူး ဒေါ်အေးလှ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပညာရေးဝန်ထမ်းများ‌၊ လောင်းလုံးမြို့နယ် ဌာနဆိုင်ရာများ၊  ဆရာ/ဆရာမများ၊ ကျောင်းသား/သူများတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းသိန်း(ပြန်/ဆက်)