ဒဂုံဆိပ်ကမ်း စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်(၉:၀၀)နာရီ၌ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
ရှေးဦးစွာမြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးမှူးဦးအောင်မိုးသန်းမှ ကျောင်းကျန်းမာရေးမှတ်တမ်းကတ်အသုံးပြုခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုမှုသင်တန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးကျန်းမားရေးဆရာမဒေါ်စိုးစိုးသိန်းမှ ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်တွင် ဖြည့်သွင်းရမည့်အချက်များ၊ သတိပြုရမည့်အချက်များကို ပြောကြားခဲ့သည်။
အဆိုပါမြို့နယ်အဆင့်ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုနည်း(၁)ရက်သင်တန်းအား အခြေခံပညာကျောင်းများမှ တာဝန်ခံဆရာ၊ ဆရာမ(၂၈)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
အေးမဥ္ဇူ(ပြန်/ဆက်)