လဲချားတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေး

လဲချား စက်တင်ဘာ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် လူစည်ကားသည့် နေရာများဖြစ်သော မြို့မစျေး၊ ပျံကျစျေး၊ ကားဂိတ်နှင့် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း(Mask) များအခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်း အချိန်ကပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေရာတွင်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ မြို့မစျေး၊ ပျံကျစျေး၊ ကားဂိတ်နှင့် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း (Mask)တပ်ဆင်ထားခြင်းမရှိပဲ သွားလာနေကြသည့် စျေးရောင်း၊ စျေးဝယ်ပြည်သူများ၊ ကျောင်းသား/သူများအား နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း (Mask)များ စနစ်တကျ မဖြစ်မနေ တပ်ဆင်သွားလာရန်၊ လက်ကိုမကြာခဏဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်သွားကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံရန် အသိပညာပေးပြောကြားခဲ့ပြီး နှာခေါင်းစည်း(Mask) (၁၅၀၀) ခုအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

လဲချား (မြို့နယ်ပြန်/ဆက်)