ပန်းဘဲတန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ အသိပညာပေး (Talk  Show) ဆောင်ရွက်

ပန်းဘဲတန်း      စက်တင်ဘာ        ၂၂

စက်တင်ဘာ(၂၈)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး (Talk Show )ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပန်းဘဲတန်းမြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်နွဲ့က ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံစာရေးဆရာအသင်းအဖွဲ့ဝင် စာရေးဆရာမညွန့်ညွန့်(ကလော)က ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ သတ်မှတ်ခဲ့ပုံ၊ ခွေးရူးပြန်ရောဂါလက္ခဏာများအကြောင်း၊ ခွေးရူးရဲ့ရောဂါလက္ခဏာများအကြောင်း၊ ကာကွယ်ဆေးထိုးခြင်းဖြင့် ခွေးရူးပြန်ရောဂါအား ကာကွယ်နိုင်ကြောင်းစသည့်တို့ကို ဆွေးနွေးခဲ့သည်။

ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ အထိမ်းအမှတ် Talk Show ကို ပန်းဘဲတန်းမြို့နယ်၊ ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ပြီး ပန်းဘဲတန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ပြည်သူများ   အသိပညာဗဟုသုရရှိစေရေးအတွက် Talk Show အစီအစဉ်များ   ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကြည်ကြည်နွဲ့ (ပြန်/ဆက်)