ပုဇွန်တောင် စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကိုဗစ်−၁၉ ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး တောင်အာဖရိကနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် ကိုဗစ်−၁၉ ရောဂါမျိုးကွဲအိုမီခရွန်နှင့် ယခင် ကိုဗစ်−၁၉ ရောဂါများ၏ မတူညီသော ရောဂါလက္ခဏာများ၊ ရောဂါဖြစ်ပွားမှုများသော အသက်အရွယ်၊ ကာကွယ်ဆေးထိုးနှံသူများအနေဖြင့် ရောဂါဒဏ်ခုခံနိုင်မှုအခြေအနေ၊ အိုမီခရွန်ရောဂါ မဖြစ်ပွား စေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်နည်းများကို စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခင်မေဝင်းနှင့်အတူ ဆွေးနွေးခဲ့သည်။
ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး (Talk Show) အပါအဝင်ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေး အစီအစဉ်များကိုလည်း ရိုက်ကူးထုတ်လွှင့်ပေးလျက် ရှိကြောင်း သိရပါသည်။
ဟန်စုယဉ်