ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် Oxygen Plant မှ အောက်စီဂျင်များ ဖြန့်ဝေပေး

နမ့်ဆန် အောက်တိုဘာ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြည်သူ့ဆေးရုံကုသရေးလုပ်ငန်း များတွင် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ချပေးသော Containor Oxygen Plant စက်ကြီးဖြင့် ထုတ်လုပ်ရာတွင် ၂၀၂၂ခုနှစ် ဇူလှိုင်လတွင် 40L(၂၃)လုံး၊ 15L(၆)လုံး၊ 10L (-)လုံး၊ စုစုပေါင်း (၂၉) လုံး၊ ဩဂုတ်လတွင် 40L (၈၅)လုံး၊ 15L(၄)လုံး၊ 10L (၇)လုံး၊ စုစုပေါင်း(၉၆)လုံး စက်တင်ဘာလတွင် 40L(၁၉)လုံး၊ 15L(၇)လုံး၊ 10L(၁၀)လုံး စုစုပေါင်း(၃၆)လုံး ဇူလိုင်လမှ စက်တင်ဘာလအထိ စုစုပေါင်း(၁၆၁)လုံး ထုတ်လုပ်နိုင်ခဲ့ပါသည်။

ထုတ်လုပ်ပြီးအောက်စီဂျင်အိုးများအား အကူအညီလိုအပ်နေသူများ၊ ဆေးရုံသို့ ကုသမှုခံယူနေသူများ အားလည်ကောင်း၊ နမ့်ဆန်မြို့အောက်စီဂျင်စေတနာ့လုပ်အားရှင် လူငယ်များနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များမှတဆင့် ရပ်ကွက်/ကျေးရွာရှိ အောက်စီဂျင် အကူအညီလိုအပ်သူများထံသို့ အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း (Oxygen Plant) ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဦးခင်မောင်ထံမှ သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)