သတင်းများ

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲကျင်းပ
Oct 12,2022
အခြေခံပညာကျောင်းများမှစတင်၍ ထူးချွန်ထက်မြတ်သည့် အမျိုးသား/အမျိုးသမီး မျိုးဆက်သစ် လူငယ်အားကစားသမားကောင်းများပေါ်ထွန်းလာစေရေး ၂၀၂၂ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဖလားအခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၌ ကျင်းပခဲ့သည်။
လေးမျက်နှာမြို့နယ် ကုသရေးဦးစီးဌာန ဆေးသိုလှောင်ရုံအဆောက်အဦးသစ် ပန္နက်တင်အခမ်းအနားပြုလုပ်
Oct 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကုသရေးဦးစီးဌာန ဆေးသိုလှောင်ရုံ အဆောက်အဦးသစ် ပန္နက်တင်အခမ်းအနားကို ယနေ့ နံနက်ပိုင်း၌ မြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ သည်။
အခြေခံလူဦးရေစာရင်းများစိစစ်ခြင်း၊ Software အတွင်းသို့ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆/နိုင်-၄ ရိုက်သွင်းမှုနှင့် ပန်းခင်းစီမံချက်အဆင့်(၂) သတ်မှတ်ကာလအတွင်း ပြီးစီးရေးဆိုင်ရာ တွေ့ဆုံဆွေးနွေး
Oct 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင် ဦးစီးမှူးရုံး၌ ခရိုင်ဦးစီးမှူး ဦးဇော်နိုင်အေးနှင့် ခရိုင်အတွင်း (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး) မြို့နယ်များရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးရှိ ဦးစီးမှူးများနှင့် တွေ့ဆုံ၍ "မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်"နှင့် ပတ်သက်၍
ဒဂုံမြို့နယ် အ.ထ.က(၂)ကျောင်းတွင် အခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်
Oct 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊  ဒဂုံမြို့နယ်တွင်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ဖွင့်လှစ်ခဲ့သော အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၃ /၂၀၂၂)ဆင်းပွဲအခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (မြို့မကျောင်း)တွင် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပူတာအိုမြို့၌ ဒီဇယ်တစ်လုံးထိုးအင်ဂျင်စက်ပြင်သင်တန်းဖွင့်လှစ်
Oct 12,2022
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ကလေးအလုပ်သမား ပပျောက် ရေးကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ဆပ်ကော်မတီ၊ စက်မှုလယ်ယာဦးစီး ဌာနနှင့် Beulah Land လူမှုကူညီရေးအသင်းတို့ ပူးပေါင်းမှုဖြင့် ဖွင့်လှစ်သည့် ဒီဇယ်တစ်လုံးထိုးအင်ဂျင်စက်ပြင် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့ကောင်က ထောင်ရပ်ကွက်(၂)ရှိ ရဝမ်နှစ်ခြင်း အသင်းတော်ဘုရားကျောင်း၌ ကျင်းပသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် အခြေခံရှေးဦးပြုစုခြင်း သင်တန်း(၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 11,2022
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့အတွင်းရှိ ဒေသခံပြည်သူများအား စနစ်တကျ ဆေးကုသပေးမည့် ဆရာဝန်များထံသို့မရောက်မီ အသက်ဆုံးရှုံးမှုမရှိစေရန်အတွက် အခြေခံရှေးဦးသူနာပြုစုနည်းဖြင့် ဦးစွာပြုစုစောင့်ရှောက်မှုပေးသည့် နည်းစနစ်များကို သင်ကြားပို့ချပေးနိုင်ရန် ရည်ရွယ်ပြီး အခြေခံရှေးဦးပြုစုခြင်းသင်တန်း(၂/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ အချိန်က အမှတ်(၂)ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ပုဇွန်တောင်မြို့နယ် ရေကျော်ဈေးနှင့် ပုဇွန်တောင်ဈေးတို့ရှိ ဈေးသည်များနှင့်ဈေးဝယ်များအား Mask Campaign ပြုလုပ်
Oct 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ အိုမီခရွန်   မျိုးရိုးဗီဇပြောင်း BA-5 ရောဂါကူးစက်ဖြစ်ပွားမှုမရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ယနေ့နံနက်ပိုင်းက ရေကျော်ဈေးနှင့် ပုဇွန်တောင်ဈေးတွင် Mask  Campaign အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။