ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး၌ ဥပဒေဆိုင်ရာအင်္ဂလိပ်စာ သင်တန်းဆင်းပွဲကျင်းပ
Oct 12,2022
ဥပဒေအရာရှိများ ဥပဒေရေးရာနှင့်ဥပဒေဘာသာပြန်ကိစ္စများတွင် အင်္ဂလိပ်စာကျွမ်းကျင်မှုဖြင့် အထောက်အကူဖြစ်စေရန်၊ အင်္ဂလိပ်စာကို အခြေခံမှစ၍ သီးသန့်သင်ကြားခြင်းမဟုတ်ဘဲ ဥပဒေရေးရာ အင်္ဂလိပ်စာအရည်အသွေးများ တိုးမြှင့်ရေးအတွက် တွန်းအားတစ်ရပ်ဖြစ်စေရန်၊ လေ့လာသင်ကြားလိုစိတ် ဖြစ်ပေါ်နေခြင်းဖြင့် တစ်ဦးချင်းစီ၏ အရည်အသွေးမပြတ်တိုးတက်ကြစေရန်နှင့် နိုင်ငံ့ဝန်ထမ်းများပီပီ တရားဥပဒေစိုးမိုးရေးပိုင်းတွင် ပိုမိုလေ့လာသိရှိသော အရည်အသွေးကောင်းများဖြင့် ပြည်သူကို အကျိုးပြုနိုင်ကြစေရန် ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့သော ဥပဒေဆိုင်ရာအင်္ဂလိပ်စာ သင်တန်းဆင်းပွဲကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပသည်။