သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ မြစ်ကြီးနားမြို့ပေါ်ရှိ စိမ်းမြဧရာပန်းခြံနှင့် ပြည်သူ့ရင်ပြင်တို့တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ လာရောက်လည်ပတ် အပန်းဖြေနေမှုများအား လှည့်လည်ကြည့်ရှုအားပေး
Oct 11,2022
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ စိမ်းမြဧရာပန်းခြံနှင့် ပြည်သူ့ရင်ပြင်တို့တွင် လာရောက်အပန်းဖြေ လည်ပတ်ကြသူများဖြင့် အေးချမ်းပျော်ရွှင်လျက်ရှိသည့် အခြေအနေများကို စက်တင်ဘာ ၁၀ ရက်နေ့ ည ၆ နာရီက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ဝေါမြို့နယ်၌ တောင်သူများလက်ဝယ်အရောက် ဆောင်းသီးနှံ နေကြာမျိုးစေ့အိတ်များ ကွင်းဆင်းထောက်ပံ့ပေးအပ်
Oct 11,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိတောင်သူများ၏ လက်ဝယ်အရောက် ဆောင်းသီးနှံနေကြာမျိုးစေ့အိတ်ထောက်ပံ့ပေးအပ်ဖွဲ့ကို ယနေ့နံနက်ပိုင်းက တနော်ကျွန်ကျေးရွာ၊ အုတ်ဖိုကျေးရွာနှင့် နေ့လယ်ပိုင်းတွင် ဆပ်သွားချုံကျေးရွာ၊ အဗျားငှက်ချေးကွင်းကျေးရွာများသို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် နေကြာစိုက်ပျိုးသွားမည့် တောင်သူများထံသို့ နေကြာမျိုးစေ့များပေးအပ်
Oct 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်အတွင်း နေကြာစိုက်ပျိုးဧကလျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ရေးအတွက် နေကြာစိုက်ပျိုးသွားမည့်ဒေသခံတောင်သူများထံသို့ ရေဆင်း(၁)စပ်မျိုးနေကြာမျိုးစေ့များပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများကပေးအပ်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး သက်ဆိုင်ရာဌာနတာဝန်ရှိသူများ စစ်ကြောင်း (၅) ကြောင်းဖြင့် ပြည်သူများ၏လိုအပ်ချက် ဖြည့်ဆည်းရေးကွင်းဆင်းဆောင်ရွက်
Oct 11,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ၏ကျေးရွာမှ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရွာလွတ်​ကျေးရွာဘက်စုံသုံး ခန်းမတွင်ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
နမ့်စန်တွင် အခြေခံစားသောက်ကုန်များနှင့်ဟင်းသီးဟင်းရွက်၊ သား၊ ငါးများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Oct 11,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် နမ့်စန်တပ်နယ်မှ အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီက နမ့်စန်-ခိုလမ် ပြည်ထောင်စုလမ်းမကြီးဘေးရှိ မြို့နယ်ခန်းမအတွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့တွင် အသက် ၁၈ နှစ်အထက်နှင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ၆ လပြည့်သူများအား Booster ထပ်ဆောင်းဆက်လက်ထိုးနှံပေး
Oct 11,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၁၈ နှစ်နှင့်အထက်၊ အသက် ၁၈ နှစ်အထက်ပြည့်ပြီး ပထမအကြိမ်နှင့်ဒုတိယအကြိမ်ထိုးနှံပြီး ၆ လပြည့်ပြီးသူများအား တတိယအကြိမ် Booster Dose ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်း၊
တပ်ကုန်းမြို့နယ်အတွင်း ဒေသခံပြည်သူများ သီတင်းကျွတ်အခါတွင် အေးချမ်းပျော်ရွှင်စွာဆင်နွှဲ
Oct 11,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများ တွင် တရားဘာဝနာပွားများခြင်း၊ ပန်း၊ ဆီမီး၊ ရေချမ်း ဆက်ကပ်လှူခြင်း၊ ဒါနကုသိုလ်ယူ သီလဆောက်တည်ခြင်း၊ အထင်ကရ နေရာများတွင် လည်ပတ်အပန်းဖြေခြင်းဖြင့်
တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်တွင် ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့်‌ ရောင်းချပေး
Oct 11,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်  ယနေ့နံနက်(၈:၃၀)အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အခြေခံစားသောက်ကုန် ဆန်၊ ဆီ ကြက်ဥများအား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။