သုံးခွမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်းမာရေးစစ်ကြောင်းမှ ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်
Nov 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျန်းမာရေးစစ်ကြောင်းအနေဖြင့် အမှတ် (၅)ရပ်ကွက် အတွင်းနေထိုင်ကြသော ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask ဖြန့်ဝေခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။