သတင်းများ

အလုံမြို့နယ် Indonesia International School တွင် တက်ရောက်နေသော  ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး
Nov 04,2022
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် ရည်ရွယ်ကာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် Indonesia International School တွင် တက်ရောက်နေသော ၅နှစ်မှ ၁၂နှစ် ကျောင်းသား၊ ကျောင်းသူ (၇၇) ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး Phase -15 Second Dose   ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ လေပြင်းဘေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်
Nov 04,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စိမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ဆူနာမီဘေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေဖြူ မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပန်းချီဆွဲပြိုင်ပွဲ ကျင်းပ
Nov 04,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင်  ကျောင်းသား၊ ကျောင်းသူများအား ဥာဏ်ရည်ရည်သွေး ထက်မြက်စေရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပန်းချီဆွဲပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်ကကျင်းပခဲ့သည်။
အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး(Talk-Show)ပြုလုပ်
Nov 04,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (talk-Show)ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ဆွမ်ပရာဘွမ်မြို့ဝါ စပ်ခူးရပ်ကွက်၌ မြေပြင်ရှိ လူဦးရေစာရင်း ညှိနှိုင်းခြင်းလုပ်ငန်းနှင့် နိုင်ငံသားကတ် (မှတ်ပုံတင်) ထုတ်ပေးမှုလုပ်ငန်းဆောင်ရွက်
Nov 04,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် "ပန်းခင်း" စီမံချက်ဖြင့် မြေပြင်ရှိ လူဦးရေစာရင်း ညှိနှိုင်းခြင်းနှင့် နိုင်ငံသား (မှတ်ပုံတင်) ထုတ်ပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီ ၄၅ အချိန်က ဆွမ်ပရာဘွမ်နှစ်ခြင်း အသင်းတော်ဒါ့ဆန်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်
Nov 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့လာမှုအား ကြိုတင်ကာကွယ်နိုင်စေရန်နှင့် နေအိမ်ပြင်ပသို့ သွားလာတိုင်း mask တပ်ဆင်သည့် အလေ့အကျင့်ရရှိစေရန် ရည်ရွယ်၍ Mask Campaignအဖြစ် ပါးစပ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၁၀) နာရီက တညင်ကုန်းကျေးရွာအုပ်စုရှိ လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့သည်။
ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကလေးငယ်များနှင့် နို့တိုက်မိခင်များကို ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Nov 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အသက်နှစ်လအရွယ်မှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား ကာကွယ်ဆေး များ ထိုးနှံတိုက်ကျွေးခြင်းများကို ကလေးမြို့ အထွေထွေရောဂါ ကုဆေးရုံကြီးတွင် ယနေ့ နံနက် ၉ နာရီမှ စတင်၍ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသော နို့တိုက်မိခင်များကိုလည်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
တိုက်ကြီးမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Nov 04,2022
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံအုပ်ချုပ်ရေးအရည်အသွေး မြင့်မားလာစေရန် ရည်ရွယ်လျက် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို  ယမန်နေ့ နံနက်  ၈ နာရီ ၃၀ မိနစ်က အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး) အနော်ရထာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။