သတင်းများ

ရွှေတောင်မြို့နယ်တွင် မိဘပြည်သူသို့အသိပေးထုတ်ပြန်ချက် ဗီနိုင်းပိုစတာစိုက်ထူခြင်းများပြုလုပ်
Nov 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အများပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ဗီနိုင်းပိုစတာစိုက်ထူပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
သရက်မြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ  စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ
Nov 05,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများရှိ ဝန်ထမ်းမိသားစုနှင့် မြို့မိမြို့ဖ အလှူရှင်များ စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပခြင်းကို ယမန်နေ့ နံနက် (၈)နာရီက ရွှေသက်လွတ်ဘုရားဝန်းအတွင်းရှိ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမ္မာန်တော်တွင် ကျင်းပခဲ့ သည်။
ပွင့်ဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် "မိဘပြည်သူများသို့အသိပေးချက်" ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ
Nov 05,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတို့ ပူးပေါင်းပြီး ပြည်သူများ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ကိုင်ဆောင်ခြင်းနှင့် ပတ်သက်၍ အသိပညာတိုးပွားစေရန် ရည်ရွယ်၍ "ပြည်သူများသို့ အသိပေးချက်" ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတောင်းမြို့၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ
Nov 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ပန်းတောင်း)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
သာယာဝတီမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာ အခြေခံမောင်းနှင် ထိန်းသိမ်းမှု သင်တန်းဆင်းပွဲ ကျင်းပ
Nov 05,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အမှတ်(၁၄) စက်မှု လယ်ယာစခန်းက စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ)မှ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအား လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုပ်သားရှားပါးမှု အခက်အခဲများ ပြေလျော့သက်သာစေမည့် လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာ ကိုင်တွယ် အသုံးပြုတတ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့်  လယ်ယာသုံး စက်ကိရိယာ အခြေခံ မောင်းနှင် ထိန်းသိမ်းမှု သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေးသိပ္ပံ၊ ဆရာစံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်မဲမြို့၌ (၁၇) ကြိမ်မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အခမ်းအနား ကျင်းပ
Nov 05,2022
ရှမ်းပြည်နယ်‌(မြောက်ပိုင်း) ကျောက်မဲမြို့တွင်  (၁၇) ကြိမ်မြောက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီခွဲက မြို့ကျက်သရေဆောင်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ ကျင်းပခဲ့သည်။
ရန်ကုန်အ​နောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအ​ခြေပြုဗဟိုဌာန Community Centre ၌ တန်ဆောင်မုန်းလအကြောင်း သိကောင်းစရာ Talk Show ကျင်းပ
Nov 05,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ အ​နောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအ​ခြေပြုဗဟိုဌာန Community Centre ၌ ယ​နေ့နံနက် ၉ နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)ရုံးမှ ​ဒေါ်စန္ဒာမိုးနှင့်​ ဒေါ်​သော်တာဝင်းပြည့်တို့က တန်ဆောင်မုန်းလအကြောင်း သိကောင်းစရာ Talk Show ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူးမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၏ ပဥ္စမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ
Nov 05,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၏ ပဥ္စမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ ဓာတ်တော်ကုန်းဘုရားရှိ သံဃသာမဂ္ဂီသိမ်ဓမ္မာရုံတော်ကြီးအတွင်း၌ ကျင်းပခဲ့သည်။