မဟာမုနိဘုရားကြီးအား မသိုးမြတ်သင်္ကန်းတော် ကပ်လှူပူဇော်
Nov 07,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ မဟာမုနိ ဘုရားကြီးအား (၃၃) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် (၅) နာရီခွဲအချိန်က ကျင်းပခဲ့သည်။ မသိုးမြတ်သင်္ကန်းတော် ကပ်လှူပူဇော်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ၀ဏ္ဏကျော်ထင် ဦးမောင်ကိုနှင့်ဇနီး၊ အလယ်ပိုင်းတိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၀င်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဂေါပကဥက္ကဋ္ဌ ဦးစိုးလင်းနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တက်ရောက်ခဲ့သည်။