စဉ့်ကူး နိုဝင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း နည်းပညာသည် မိမိတို့ဌာနရုံးလုပ်ငန်းများ ဖြစ်သော ရုံးစာကြည့်တိုက် Facebook Page များတွင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများ လွှင့်တင်ရာတွင်လည်းကောင်း၊ သတင်းများရေးသားပေးပို့ရာတွင်လည်းကောင်း အဓိကလိုအပ်ကြောင်း၊ ဝန်ထမ်းအားလုံးတတ်မြောက်ထားရမည့်နည်းပညာဖြစ်ကြောင်း စသည့် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းအား နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ နေ့စဉ်နေ့လယ် (၁) နာရီမှ (၃)နာရီအထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် Power Director Software နှင့် Kinemaster Software တို့အား download ဆွဲနည်း၊ ၎င်း Software များအသုံးပြု၍ ဗီဒီယိုဖိုင်တည်းဖြတ်ခြင်း၊ အသံသွင်းခြင်း၊ ဗီဒီယိုဖိုင် (export)ထုတ်ခြင်း စသည့် ဗီဒီယိုတည်းဖြတ်ခြင်းလုပ်ငန်းအဆင့်ဆင့်အကြောင်း၊ ဗီဒီယိုရိုက်ကူးရာတွင် ဆောင်ရန် ရှောင်ရန်အချက်များနှင့် ဗီဒီယိုဖိုင်များကို We Transter အသုံးပြု၍ e.mail ပေးပို့ခြင်း စသည့် နည်းပညာများကို မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က မြို့နယ်ရုံးရှိ ဝန်ထမ်းများအား သင်ကြားဆွေးနွေးပေးခဲ့သည်။ ယင်းနောက် သင်တန်းတက်ရောက်ကြသည့် ဝန်ထမ်းများ၏ သိလိုသည့်မေးမြန်းမှုများအား ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
တင်ဇာလွင်