မင်္ဂလာဒုံ နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ခရေပင်လမ်းဆုံ၌ ယနေ့ နံနက် (၇) နာရီအချိန်က မြို့နယ် အထွေထွေစီမံအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီး၍ Mask Campaign ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ရခြင်းမှာ ခရီးသွားပြည်သူများ အနေဖြင့်ယာဉ်များ စီးနှင်းကြရာတွင် Mask များ စနစ်တကျတပ်ဆင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါမှ ကာကွယ်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်းနှင့် Mask Campaign ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဥက္ကဋ္ဌ ဦးအောင်မြင့်ကြိုင်နှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူး ဝင်းကျော်ဦးတို့ ဦးဆောင်သောအဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးကော် မတီဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြတ်မွန်ခင် (မင်္ဂလာဒုံ)