လိပ်သို နိုဝင်ဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာအုပ်/စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀) နာရီ ချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ စာအုပ်/စာစောင်ပြပွဲတွင် ကျောင်းသား၊ ကျောင်းသူများ မျိုးချစ်စိတ်ဓာတ် ရှင်သန်ကြီးထွားလာရန် ရည်ရွယ်၍ အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း စာအုပ်များ၊ အမျိုးသားနေ့နှင့် သက်ဆိုင်သော စာစီစာကုံးများ၊ အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုကဗျာများ၊ အမျိုးသားစိတ်ဓာတ်၊ အမျိုးသားအားမာန်ကို ရှင်သန်စေမည့် ဆောင်းပါးများအပြင် ကျောင်းသား၊ လူငယ်များ ဖတ်ရှုလေ့လာသင့်သော သုတ၊ ရသ စာအုပ်များလည်း ပြသထားကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ကျောင်းသူများ အသိပညာ တိုးပွားလာစေရေးအတွက် နိုင်ငံတော် နေ့ထူးနေ့မြတ်များနှင့် အထိမ်းအမှတ် နေ့ရက်များတွင် ပြပွဲ/ပြိုင်ပွဲများ၊ ဟောပြောပွဲများ ပြုလုပ်ပေးခြင်းတို့ကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စောဝေါ်ကွောထူး(ပြန်/ဆက်)