မင်းလှမြို့တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

မင်းလှ နိုဝင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၈) ပန်းဘဲချောင်ရပ်ကွက်၊ စက်ကြီးတန်းလမ်း၌ ဒေသခံပြည်သူများအား ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီခွဲချိန်က ပြုလုပ် ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များကို အမှာစကားပြောကြား၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်မင်းဟန်က နယ်မြေလုံခြုံရေးနှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြားသည်။

မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်က လ.ဝ.က လုပ်ထုံးလုပ်နည်းများနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်တရားသူကြီး ဦးရဲမင်းထွန်းက ဥပဒေ၊ နည်းဥပဒေနှင့် တရားစီရင်ရေးကိစ္စရပ်များကို ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲကို ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ရပ်ကွက်နေ ပြည်သူများ(၉၀)ဦးခန့် တတ်ရောက်ခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)