စဉ့်ကူးမြို့တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး

စဉ့်ကူး နိုဝင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သပိတ်ကျင်းတပ်နယ်မှ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ပြုလုပ်ခဲ့သည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စီစဉ်ဆောင်ရွက်မှုဖြင့် အမှတ်(၂) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီးမျိုးသန့်ဇင် ဦးစီး၍ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ရာ ဆန်(၁)ပြည် ၁၆၀၀ ကျပ်နှုန်းဖြင့် ဆန် ၁၀ အိတ်၊ ဆီ(၁)ပိဿာ ၆၀၀၀ ကျပ်နှုန်းဖြင့် ပိဿာ ၁၁၀ ၊ ကြက်ဥ (၁)လုံး ၁၆၀ ကျပ်နှုန်းဖြင့် ၃၀၀၀ လုံး၊ ကြက်သွန်နီ ၁ ပိဿာ ၄၁၀၀ ကျပ်နှုန်းဖြင့်၁၄၀ ပိဿာ၊ အာလူး ၁ ပိဿာ ၂၁၀၀ ကျပ်နှုန်းဖြင့် ၆၆ ပိဿာ၊ ခရမ်းချဉ်သီး ၁ ပိဿာ၁၉၀၀ နှုန်းဖြင့် ၄၀ ပိဿာတို့ကို ပြည်သူ ၂၀၀၀ ဦးတို့ထံသို့ ရောင်းချပေးနိုင်ခဲ့သည်။

စဉ့်ကူးမြို့နယ်တွင် မြို့ပေါ်ရှိ ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိကျေးရွာများသို့ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

တင်ဇာလွင်