နတ်မောက်မြို့နယ်တွင် RS-CS မိုးစပါးမျိုးသန့်ထုတ် ဧရာမင်း (၅)ဧက စံပြကွက် စတင်ရိတ်သိမ်း     

နတ်မောက် နိုဝင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြို့မကွင်းရှိ  တောင်သူဦးသံချောင်းစိုက်ပျိုးထားသော RS-CS မိုးစပါးမျိုးသန့်ထုတ် ဧရာမင်း (၅)ဧက စံပြကွက်ကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။ 

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရဲ့ အစီအစဉ်ဖြင့် RS-CS မိုးစပါးမျိုးသန့်ထုတ် ဧရာမင်း (၅)ဧက စံပြကွက်ကိုစိုက်ပျိုးရာမှာ  ဇူလိုင်လတွင် ပျိုးထောင်ထားရှိပြီး  မိုးဦးမိုးနည်းပါးခြင်းကြောင့် ပျိုးသက်တမ်းအမီ စိုက်ပျိုးနိုင်ရန်အတွက် မိုးရေတွင်း စိုက်ပျိုးရပါတယ်  ယခုလက်ရှိအချိန်တွင် စပါးများ ရင့်မှည့်နေပြီဖြစ်သဖြင့် လုပ်သားများငှားရမ်း၍ စတင်ရိတ်သိမ်းနေပြီဖြစ်ပါတယ်၊ မျိုးသန့်ထုတ် ဧရာမင်းတစ်ဧကကို ရိတ်သိမ်းတဲ့အခါမှာ စပါးအစို (၈၅)တင်းခန့် ထွက်ရှိပါတယ်" ဟု ဦးသံချောင်းကပြောသည်။

၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးနိုင်မှုမှာ အစိုးရဆည်ငယ်ကန်ငယ်များဖြစ်သည့် နတ်မောက် ရေလှောင်တမံဆည်ရေသောက် ဧရိယာ(၅၄၉)ဧက၊ ကျောက်တံခါးဆည်ရေသောက် ဧရိယာ (၂၀၀၀)ဧက၊ ပင်းကန်ရေ သောက်ဧရိယာ (၄၀၈)၊ ဆည်ငယ်ကန်ငယ်သောက်ဧရိယာ ( ၂၀၂၅)၊ မိုးရေသောက် (၁၆၇၅၄)ဧက စုစုပေါင်း (၂၁၇၃၆) စိုက်ပျိုး နိုင်၍ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန    ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံက သိရသည်။

မူမူစန်း