မိုင်းဆတ် နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ “(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ် စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်လာတတ်စေရန်၊ စာဖတ်စွမ်းရည်နှင့် ကဗျာရွတ်စွမ်းရည်တိုးတက် မြင့်မားလာစေရန်နှင့် ကျောင်းစာအပြင် ဗဟုသုတရရှိစေမည့် ပြင်ပစာပေများ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကျောင်းသား၊ ကျောင်းသူအချင်းချင်း စည်းလုံးညီညွှတ်မှုရှိစေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ် ပေးခြင်းဖြစ်သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတတိုးပွားစေရန် စာအုပ်စာစောင်များကို နယ်လှည့် ငှားရမ်းပေးခြင်း၊ ပုံပြင်ပြောခြင်းအစီအစဉ်များ၊ စက္ကူအရုပ်ခေါက်ခြင်း အစီအစဉ်များနှင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များကို မိုင်းဆတ်ခရိုင် ပြည်သူ့စာကြည့်တိုက် Face Book Page မှ တဆင့်လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)