သိန္နီမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Nov 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္န္နီမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် အသိပညာဗဟုသုတတိုးပွားစေရန်၊ စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။