စုကလိမြို့တွင် ပဲတီစိမ်းစိုက်တောင်သူများ အထွက်နှုန်းကောင်းသဖြင့် စျေးကောင်းရရန်မျှော်လင့်

စုကလိ နိုဝင်ဘာ ၁၅

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့သည် ဒေသတွင်းရေခံမြေခံ အခြေခံကောင်းမွန်ပြီး စိုက်ပျိုးရေးတွင် အောင်မြင်ဖြစ်ထွန်းသော မြို့တစ်မြို့ဖြစ်သည်နှင့်အညီ အခြေခံစိုက်ပျိုး သီးနှံဖြစ်သည့် ဆန်စပါး၊ စျေးကွက်ဝင်အစေ့ထုတ်ပြောင်း၊ ဝဥစိုက်ပျိုးသီးနှံများအပြင် ယခုအခါတွင် စျေးကောင်းရရှိသော ပဲတီစိမ်းများ စိုက်ပျိုးလာကြသည်။

ပဲတီစိမ်းများအား စုကလိမြို့တွင် စျေးကွက်ဝင်ပဲတီစိမ်း လျာထားစိုက်ပျိုးဧက ၇၄၈၅ ဧက အား စိုက်ပျိုးထားရှိပြီး ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်စွာထွက်ရှိသဖြင့် စိုက်ပျိုးသူ တောင်သူများ စျေးကောင်းရရှိရန် မျှော်လင့်လျက်ရှိသည်။

စုကလိမြို့တွင် တာနောထကျေးရွာ၊ ဥက္ကရစ်ထကျေးရွာတို့တွင် တွင်ကျယ်စွာစိုက်ပျိုးလာကြပြီး မျှော်မှန်းပန်းတိုင် အထွက်နှုန်း (၁) ဧကလျှင် တင်း ၂၀ အထိ ရရှိရန်မျှော်မှန်းထားပြီး ၆ ပြည်တစ်ပုံလျှင် ထိုင်းဘတ်ငွေ ၃၀၀ အထိရရှိနိုင်မည်ဖြစ်ကြောင်း တောင်သူများ အဆင်ပြေရန် မျှော်လင့်လျက်ရှိကြောင်း သိရှိရသည်။

ပိုပိုအောင်