စုကလိမြို့တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအားဖြန့်ဝေ

စုကလိ နိုဝင်ဘာ ၁၅

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် နိုဝင်ဘာလ ၁၇ ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအတွက် အသိပညာပေး လုပ်ငန်းတစ်ရပ်ဖြစ်သည့် သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းက စုကလိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ ပညာရေးမျှော်မှန်းချက်၊ ကဗျာ၊ အမျိုးသားရေးအားမာန် ခေါင်းစဉ်ဖြင့် ဆောင်းပါး၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကောက်နုတ်ချက်အချို့၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့မှ မိန့်ခွန်းကောက်နုတ်ချက်အချို့ ကာတွန်းများပါဝင်သည်။

စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ပိုပိုအောင်